သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တာဝန်များ ၊ အခွင့်အရေးများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၄) ဦး တက်ရောက်ခဲ့ပါသည်။
ရန်ကုန် (၁၉-၆-၂၀၂၃)
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အမှတ် (၁၀)၊ ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့ရှိ City Mart Supermarket (သန်လျင်) ၌ (၂၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အဆိုပါ City Mart ရှိ မန်နေဂျာနှင့် တာဝန်ရှိသူများအား သန်လျင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်သ
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်၌ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိကို ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၈ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး ၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကားရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။