Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Aug 2022

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီမှာ ဈေးဆက် လက်မြင့်တက်လာခဲ့ပါသည်။ ကြက်သွန်နီများ အဝယ်လိုက်နေသဖြင့် ဈေးနှုန်းမြင့်တက်လာသည်ဟု ပေါင်းတည်မြို့ရှိ ကြက်သွန်နီပွဲရုံမှ သိရှိရပါသည်။ ဩဂုတ်လ ပထမပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ (အကြီး) တစ်ပိဿာလျှင် ၂၂၀၀ကျပ် နှင့် (အသေး) တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သွန်နီဥ (အကြီး) တစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် (အသေး) တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဖြင့် ဈေးမြင့်တက်သွားပါသည်။

30 Aug 2022

            ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အနောက် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်တပြည်လျှင် ၁၆၀၀ ကျပ်ဖြင့် ၁၆.၈.၂၀၂၂ ရက်နေ့ နံနက်ပိုင်း အချိန်မှစတင်၍ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

30 Aug 2022

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ကုန်စည်ထုတ်လုပ် ဖြန့်ဖြူရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြပါရှိစေရန် ရည်ရွယ်၍ ခရိုင်ဦးစီးမှူးရုံး၌ (၂၂.၈.၂၀၂၂) နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား များဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းမှ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံး /ထုတ်လုံ တာ

30 Aug 2022

            ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကျောင်းကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် (၂၂.၈.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့ (အ.ထ.က ၁) ကျောင်းမုန့်ဈေးတန်းသို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

30 Aug 2022

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များ လှုမှုစီးပွားဘဝတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာခွဲ ၂၇၇ ရွာအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျေးရွာ ၄၀ အား ( ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်) လများတွင် သက်ဆိုင်ရာဌာနများမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

Pages