သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၁၃.၆.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။
(၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ် (၉) ရပ်ကွက်၊ ဝါဆိုဦးဈေး၌ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်က ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသော ရောင်းချပေးနေသည့်စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆော
(၁၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးထွန်းထွန်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်၌ လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ ကုန်မျိုးစုံရောင်းချသောစီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
(၃၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း ( ၁၂ )ဦးတက်ရောက်ခဲ့ပါသည်။