သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် (၁၂-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် တလိုင်းကွင်းကျေးရွာအုပ်စုရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
(၁၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
(၁၅-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့၊ အ-လ-က (ခွဲ)၊ ပုလုံးတုံတုံးကျောင်းနှင့် ဘ/က ရန်ကြီးအောင်စာသင်ကျောင်းတို့တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီးန
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၃) သင်တန်းအား (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ သင်တန်းဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ညောင် ခြေထောက်မြို့ရှိ မိဘမေတ္တာဆန်စက်ပိုင်ရှင် ဦးကျော်စိုးမိုးနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာခဲ့ပါသည်။