သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ (၂၁.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန် တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ အုန်းသီးစိုက်ပျိုးသူတောင်သူ(၆)ဦးအား အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂၄.၄.၂၀၂၃)ရက်နေ့ မွန်းလွှဲ(၁၃:၀၀)နာရီက မော်ကျွန်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံမှု ရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၅-၄-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ ပဂိုးကုန်းကျေးရွာရှိ စက်သုံးဆီရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ် (၂၁.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းကကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာတွင်းရှိ ပြည်သူ( ၁၁ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံဦးသိန်းမောင်သည်၂၀၂၃ခုနှစ်၊ (၂၀.၄.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်တာဝန်ခံ ရုံး၌ အမှတ်(၁)ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။