သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင် သည် (၂၁.၄.၂၀၂၃)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်နှင့် ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “သင်္ဂဟ” ဆီရောင်းဝယ်ရေးအနေဖြင့် ကုမ္ပဏီများမှဖြန့်ဖြူးသည့်စားအုန်းဆီများအား မုံရွာမြို့၊ ပြည်ထောင်စုဈေးသို့ ဈေးကားဖြင့် ရောင်းချပေးနေမှုကို စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ (ဒု-ဦးစီးမှူး) ဒေါ်ဌေးဌေးဝင်းသည် (၂၅.၄.၂၀၂၃)နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်အား မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းလက်ကား ဈေးနှုန်းဖြင့် အမှန်တကယ်ရောင်းချမှု ရှိ/မရှိနှင့် အချင်အတွယ်များမှန်ကန်မှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။<
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုတ်လတ်မြို့နယ် တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ကားလမ်းဘေးရှိ ဦးနိုင်လင်းအုန်းဆံကြိုးစက်ရုံရှိ လုပ်သားပြည်သူ(၆)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။