သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:ဝဝ) နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဟာမြိုင်ဈေး၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့ (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မရမ်းကုန်ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို ပြည်သူများသည် မိမိတို့၏အခွင့်အရေးများကိုသိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ ဦးအောင်ရွှေ၏ ဧရာဝတီဆန်စက်သို့သွားရောက်၍ ဈေးကွက်မရောက်မီကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေးသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မုန့်မျိုးစုံ/အလှကုန်/လူသုံးကုန်နှင့် မုန့်မျိုးစုံဆိုင်(၄)ဆိုင်မှ ရောင်းချနေသောကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့ကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။