Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Feb 2023

        စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်သည် ၁၈-၂-၂၀၂၃ ရက်နေ့၊ စနေနေ့၊ ၁၇:၀၀ နာရီ အချိန်တွင် Hotel Perfect ၌ ကရင်ပြည်နယ်အတွင်းရှိကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီလုပ်ငန်းရှင်များအသင်း၊ ပဲ၊ ပြောင်း၊ နှမ်းလုပ်ငန်းရှင်များအသင်းနှင့်ညီနောင်အသင်းများအားတွေ့ဆုံ၍ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြောင်းသိရသည်။

22 Feb 2023

          စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဟန်ဝင်းကျော်၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန ပြည်နယ်တာဝန်ခံတို့သည် ၁၉-၂-၂၀၂၃ ရက်နေ့၊တနင်္ဂနွေနေ့၊ ၁၄:၀၀ နာရီအချိန်တွင် ဘားအံ-ထုံးအိုင်လမ်းမကြီးရှိ “ရွှေကံထူး” ပဲပွဲရုံနှင့်ဘားအံမြို့၊ နောင်ထလုံးကျေးရွာရှိ တန် (၆၀)ကျ “အောင်ဆန်းငွေလာ” အဆင့်မြင့်ဆန်စက်သို့ ပဲမျိုးစုံ၊

22 Feb 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(ဦးစီးမှူး)နှင့် ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၅-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၅း၀၀)နာရီမှ (၁၆း၄၅)နာရီအထိ မကွေးပညာရေးဒီဂရီကောလိပ်(ပညာဗိမာန် ခန်းမ)၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

22 Feb 2023

         ၁၇.၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ “ဝဥ သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ၊စုစုပေါင်း (၄၃) ဦးတက်ရောက်ခဲ့ကြပါသည်။

22 Feb 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ဌာန၏လုပ်ငန်းများ လွယ်ကူလျင်မြန်၍ တိုးတက်အောင်မြင်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၃)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်

Pages