သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းတို့နှင့်အတူ ဇွန်(၁)ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ လက်လီ /လက္ကား ဆိုင်များ၊ စတိုးဆိုင်များ၊ စားဆီဖြန့်ဖြူးရောင်းချနေသော ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း ညွှန်ကြားချက်( ၁/၂၀၂၁ ) အားလိုက်နာ ဆောင်ရွက်မှုရ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဈေးခေါင်းရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် မြစ်ကျိုးကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် (၇.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၃၀) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)သည် ၆-၆-၂၀၂၂နေ့ နံနက်( ၉:၀၀) နာရီအချိန်တွင် မင်းပြားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၂၀)ဦးနှင့် တက်ရောက်လာသည့်ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။