Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jun 2022

            ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမ၀င်ကုန်သွယ်မှုများမရှိစေရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲကို ၂၆-၅-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

07 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံဦးအောင်လွင်သည် မဲဇလီဒလကျေးရွာတွင် တောင်သူ (၉၁)ဦးအား ၂.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ တောင်သူများအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

07 Jun 2022

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

07 Jun 2022

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့ ပါဝင်သောအဖွဲ့ သည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမြင့်အောင် ဦးဆောင်သော တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ် ရှိ တိုင်းရင်းဆေးရောင်းချသော ဆိုင်များသို့ သွားရောက်၍ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ ရော

07 Jun 2022

           ဧရာ၀တီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ မေလ (၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားရေးကော်မတီမှ လုပ်ငန်းထိခိုက်မှုရှိသော ကုမ္ပဏီ/လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေးအဖွဲ့နှင့် မြို့ပေါ်ရှိ ချေးငွေရယူထားသော ကုမ္ပဏီ/လုပ်ငန်းရှင်(၃၀)ဦးနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

Pages