သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ မေလ(၂၄)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်ထိုက်ရွှေရည် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်များ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးအတွက်၂၀၂၂ခုနှစ်၊မေလ(၂၀)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၂ ခုနှစ်၊ မေလ(၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင် (၁/၂၀၂၂)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၅)ဦး ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပရခြင်းမှာ စားသုံးသူပြည်သူများအာ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၄.၅.၂၀၂၂ ရက်နေ့၌ တွံတေးမြို့နယ်ဈေးအတွင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ တားမြစ်ထုတ်ပြန်ထားသော ပြည်သူများနှင့် သုံးစွဲရန်မသင့်သည့် “အာရှ ရွှေကြယ်” အမှတ်တံဆိပ် အဆစ်အမြစ်ရောင် ရောဂါသောက်ဆေးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မြို့နယ်ရှိ တိုင်းရင်းဆေးဆိုင်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်၍
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၂၄.၅.၂၀၂၂)ရက်နေ့ နေ့လည်(၁၃;၀၀)နာရီအချိန်က မြောင်းမြမြို့ စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသော စားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။