Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 May 2022

         ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ဦးဆောင်၍  မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဖြစ်သော ထွေ/အုပ်၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး၊ စားသုံးသူရေးရာဦးစီးဌာနတို့ လိုက်ပါ၍ မေ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်အတွင်း တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

26 May 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၂၁-၅-၂၀၂၂ ရက် (စနေနေ့)၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးနည်းဥပဒေအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဆွေးနွေးပွဲပြု

26 May 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ထီကွေ့ ပြည်သူ ၁၈ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။        

26 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် အဖွဲ့ဝင်သည် ညောင်တုန်းမြို့နယ် ၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်အတူ (၁၆.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် သွားရောက်၍ ညောင်တုန်းမြို့နယ် Toe Tet Win Hlaing Co.Ltd သို့ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

26 May 2022

           စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည်ဦးဆောင်၍  ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ  ဦးထွေးသိမ်း၊  ဒေးဒရဲမြို့နယ်တာဝန်ခံ  ဦးသိန်းမောင်တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်(၁၈-၅-၂၀၂၂) ရက်နေ့ နံနက်  (၁၀:၀၀) နာရီအချိန်တွင်  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးသည့် SPS Protocal အရ  တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန်  ဆန္ဒပြုလျှောက်ထားသည့်  ALLIANCE  EAGLE ကုမ္ပဏီ၏ ပြောင်းဆံအခြောက်ခံ သန့်စင်သိုလှ

Pages