သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် မေလ(၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)မှ(၁၃:၃၀)နာရီတွင် FDA မှစားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အသားလုံး၊အသားချောင်းများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကြပ်မတ်ခဲ့ပါသည်။
အင်ဥ ( ခေါ် ) မှိုဥသည် မိုးဦးစ ( မေလဆန်းပိုင်း ) အချိန်တွင် အင်ပင်များအောက်ရှိ မီးလောင်ပြင်များအပေါ်တွင် အင်ရွက်ခြောက်များ ဆွေးမြေ့ဖုံးလွမ်းနေသော မြေဆွေးအပေါ်ယံတွင် ပေါက်ရောက်တတ်ပြီး မြေအက်ကွဲကြောင်းများအား ဝါးချွန်များ၊ ဓါးများဖြင့် ထိုးယက်ရှာဖွေရရှိသော မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥများသည် လူကြိုက်များသော ရာသီစာအဖြစ် အရသာရှိသော အစားအစာတစ်မျိုးဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင် ဦးဆောင်သောအဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ (၁၉.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ စားသုံးဆီတင်သွင
စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မေလ ၁၉ ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “တင်ဝင်း” ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေး ပြည့်မီရေး ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးတို့
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ်နှင့် လသာမြို့နယ်များအတွင်း ပင်လယ်စာများ ဖြန့်ချီရောင်းချနေသောဆိုင်များသို့ FDA ၏ သတင်းအရပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းအား (၁၁.၅.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီတွင် ဆောင်ရွက်ခဲ့ပါသည်။