သတင်းနှင့် လှုပ်ရှားမှုများ
ဝန်ဆောင်မှုဆိုသည်မှာ လှုပ်ရှားမှုလုပ်ဆောင်ချက်များ၊ ဖြစ်စဉ်များ၊ စွမ်းဆောင်ရည် လုပ်ဆောင်ချက်များကိုခေါ်သည်။ ဝန်ဆောင်မှုကိုရယူရာတွင် လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် လည်းကောင်း၊ Series အလိုက်သော်လည်းကောင်းရယူသည်။ ဝန်ဆောင်မှုသည် ထိတွေ့ ကိုင်တွယ်၍မရ၊ Customer Service employees တို့ကြားအပြန်အလှန်ဆက်သွယ်မှုရှိသည်။ ဝန်ဆောင်မှုသဘောတရားသည် ရှုပ်ထွေးနက်နဲသည့်အပြင် သိသာထင်ရှားစွာ ဖော်ပြရန် ခက်ခဲ ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှု သဘ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၆.၅.၂၀၂၂)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စွမ်းမြေပဲဆီစက်သို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ ရေကြည်မြို
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မေလ ၅ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း၌ ရောင်းချနေသော သွားတိုက်ဆေးဘူးများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မေလ(၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးရာဝန်ကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစည်ပင်သာယာဦးစီးဌာန၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တက်ရောက်ခ