Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 May 2022

                 ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀)အချိန်တွင် သဲကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအုပ်စု၊ ကံနှစ်ဆင့်ကျေးရွာသို့ သွားရောက်၍ မိုးစပါးကျဲခင်းစိုက်ပျိုးနေမှုအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

20 May 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်တာဝန်ခံသည် မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များတွင် (၁၂.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍  မြို့ပေါ်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

20 May 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့မရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် (၁၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

20 May 2022

           ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့ စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ ပန်းတောင်းမြို့နယ်အတွင်း မေ (၁၁)ရက်၊ နံနက်ပိုင်း၌ ဆင်တဲအုပ်စု၊ တမာကုန်းရွာ၊ နေ့လည်ပိုင်း၌ ဆင်တဲအုပ်စု၊ စွယ်တော်ရွာ၊ ပေါက်ခေါင်းမြို့နယ်အတွင်း မေ (၅)ရက်၌ သဖန်းချို အုပ်စု၊ သဖန်းချိုရွာ၊ မေ (၉)ရက်၌ ဘန့်ပြင်အုပ်စု၊ ကြို့ကြာရွာစသည်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံတို့မှ မြို့နယ်ဌ

20 May 2022

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် ဝန်ထမ်းများသည် ကံကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး နေအိမ်၌ (၁၃.၅.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူပြည်သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages