သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါးဆည်နှင့် နတ်မောက်ဆည် ရေသောက်ဧရိယာတွင် ၂၀၂၁- ၂၀၂၂နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးများအဓိက ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသော ဆေးဝါးကုမ္မဏီတစ်ခုဖြစ်သည့် AA Medical Products Co.,Ltd (လားရှိုးရုံးခွဲ)မှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရက်လွန်ဆေးဝါးများနှင့် ပျက်စီးဆေးဝါးများအား ၂၀၂၂ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ညနေ(၃း၀၀)ခန့် အချိန်တွင် လားရှိုးမြို့၊ စည်ပင်သာယာအမှိုက်ပုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားသုံးဆီဖူလုံရေး၊ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာစေရေးတို့အတွက် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ဆောင်ရွက်လျှက်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေကြာသီးနှံကိုပဲခူးခရိုင်တွင် မိုးစိုက်
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း သည် ၂၀၂၂ ခုနှစ် ၊ မေလ ၁၈ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့် စာသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သော အေရိုးဗစ်သင်တန်းသို့ တက်ရောက်လျှက်ရှိသော ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။