သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် တလုပ်ပင်အုပ်စု၊ ကျွဲရဲကျေးရွာတွင် တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင် ရေကျော်အုပ်စု၊ လယ်တီကျေးရွာတွင်တစ်ကြိမ် စားသုံးသူအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ ၂၀-၇-၂၀၂၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၃.၇.၂၀၂၂)ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) အထိချောက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ရောင်းချသော ဆိုင်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအား ကျစ်လစ်ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ တို့နှင့်အတူ(၁၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီး မြို့နယ်တာဝန်ခံရုံး၌ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များရှိ ကုန်သည်များနှင့်စက
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ် တာဝန်ခံ ဦးသိန်းအောင်သည် (၁၁-၇-၂၀၂၂)နေ့ နေ့လယ် (၁၃:၁၅)နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၃)ဦးအား မြို့နယ် ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။