သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် သီဟသူ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှု၊ စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်စေရေးအတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများအား ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တောင်ငူမြို့ပေါ်ရှိ မြေပဲဆီ၊ ပဲစပ်ဆီထုတ်လုပ်သူများ၊ ဆီကုန်သည်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့် ပြည်ပမှစားသုံးဆီများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် (၁၇.၅.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီတွင် ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ စားသုံးသ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သည့် ဝန်ထမ်းများသည်(၂၃.၅.၂၀၂၂)ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် တောင်ကြီးမြို့၊ ရက်ကန်းနှင့်အသက်မွေးဝမ်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။