သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အတွင်းမြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၃.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ကျောင်းကုန်းမြို့နယ်စည်ပင်နှင့်အတူ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား ဈေးတာဝန်ခံရုံးတွင် တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေ
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၂)ရက်နေ့တွင် မာစီအမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးနှင့် ပတ်သက်၍ ပြည့်စုံစွာပါရှိနိုင်ရေး ရည်ရွယ်
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ရုံးတွင် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ခရိုင်ရုံးရှိ ဝန်ထမ်းသစ်များနှင့် မြို့နယ်တာဝန်ခံ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မာရေး၊ ဝမ်းစာပြည့်ဝနေစေရေးနှင့် လူအများရှေ့တွင် ဟောပြောတတ်စေရန် ဝန်ထမ်းများ အလှည့်ကျဟောပြောစေခြင်းကို ခရိုင်ဦးစီးမှူးမှဦးဆောင်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းများကို နေပြည်တော်တိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် တိုးမြှင့်ဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။
မော်လမြိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၃.၆.၂၀၂၂ ရက် နေ့လည် ၂ နာရီက မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။