သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် စားသုံးသူများ ဈေးကွက်အတွင်း အရည်အသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်ပစ္စည်း အတုအပကင်းစင်ရေး ဘေးကင်းလုံခြုံစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ချောက်မြို့ပေါ်ရှိ စက်ဆီ/ချောဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော အရ
စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ OK Htoo စက်သုံးဆီဆိုင်၊ စိန်သဇင် စက်သုံးဆီဆိုင်တို့အား သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၊ အရည်အသွေးနှင့်အချင်အတွယ် မှန်ကန်မှုရှိစေရေးအတွက် ဧပြီလ ၂၂ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီလုပ်ငန်းရှင်များမှ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပြီး စားအုန်းဆီများအား စားသုံးသူများ ၊ စားသောက်ဆိုင်များ ၊ ပဲကြော် ၊ အာလူးကြော်စသည့် အကြော်မျိုးစုံ လုပ်ငန်းများနှင့် မုန့်ဖုတ်လုပ်ငန်းများမှ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။ စားအုန်းဆီ သုံးစွဲမှုအနေဖြင့် စားသုံးသူများ နေ့စဉ်ကြော်လှော်ချက်ပြုတ်ခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုခြင်း ဖြင့် ပိဿာချိန် (၁၄၅၂၀၀၀) ခန့် ၊ စုစုပေါင်းသုံးစွဲမှု၏ ၅၀ % ရှိပြီး ပဲကြော် ၊ အာလူးကြော်
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ဖျာပုံခရိုင် ဒုတိယခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးဦးစိုးလွင်တို့ ပူးပေါင်း၍ ဖျာပုံမြို့ ၊ မြို့မဈေးရှိ ဈေးခေါင်းရုံးတွင် ဧပြီလ(၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ တွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၅)ဦးတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး၊ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၂) နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် မဲဇလီကျေးရွာရှိ၊ ညောင်တုန်းကုန်စည်ဒိုင်တွင် ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်၊စပါး ဈေးကွက်အခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။