သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ National Enlightenment Institude (NEI) တို့ ပူးပေါင်းကျင်းပသည့် COVID-19 ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် စီးပွား ရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယ အသုတ် ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ MSMEs လုပ်ငန်းရှင် (၅၉) ဦးတက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသော ၂၀၁၉-၂၀၂၀ခုနှစ်၊ အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ်(၉)အား (၁၀)မိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း၊ ပဲခူးမြို့၌ (၂၇.၇.၂၀၂၀)မှ (၁.၈.၂၀၂၀)နေ့အထိ (၆)ရက်တာ ကျင်းပပြုလုပ်ရာ(၂၉.၇.၂၀၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းနိုင်က စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးတို့နှင့်စပ်လျဉ်း၍ သင

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းမြို့ရှိ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးရုံးခန်းမ၌ (၉.၈.၂၀၂၀)ရက်နေ့ (၁၆:ဝ၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်နှင

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် များအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် (၁၁:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီ အလိုက်စိုက်ပျိုးသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များအပြင် နှစ်ရှည်သီးပင်၊ စားပင် များကိုလည်း ဒေသအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အလားတူ စိုက်ပျိုးရေးကို အခြေပြု သည့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်၍ နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိပါသည်။ စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင် အမျိုးအစားဖြစ်သော ရော်ဘာပင်မှရရှိသည့် သဘာဝရော
