ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း နှမ်းနက်(စမုံ) (၄၅)ပိဿာပါ(၁)အိတ်လျှင် အနိမ့်ဈေးကျပ်(၃၅၀၀၀၀) အမြင့်ဈေးကျပ် (၃၈၀၀၀၀)ဖြင့် (၄၅)ပိဿာဝင်အိတ် (၁၂၅၀)အိတ်ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ် လျှင် ကျပ် (၃၄၀၀၀၀)ဖြင့်(၄၅)ပိဿာဝင် အိတ်(၈၀)အိတ်ကိုလည်းကောင်း၊ နှမ်းပြာ (၄၅)ပိဿာပါ (၁) အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် (၄၅)ပိဿာဝင် အိတ်(၁၅၀)အိတ်ကိုလည်းကောင်း၊ နှမ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲစိုက် တောင်သူမှာ (၆၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၄၀၀၀)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ အနည်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
