ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောနိုင်ငံတစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆန်စပါးကိုအဓိကစိုက်ပျိုးပြီး သစ်သီးဝလံပန်းမန်များကိုလည်းစိုက်ပျိုးသောကြောင့် နိုင်ငံခြားဝင်ငွေများတိုးတက်ရရှိအောင် အထောက်အကူပြုလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင် (၃၃၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၃၁၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ငုံးဥ(၁၂)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးကိုစိုက်ပျိုးရောင်းချနေသည့် တောင်သူမဝင်းဝင်းမော်နှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ရုံးပတီသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် စားအကောင်းဆုံးအချိန်မှာ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို စတင်ရောင်းချနေပီဖြစ်၍ လက်လုပ်လက်စား အလုပ်သမားများ မိသားစု စားဝတ်နေရေးအတွက် မျှစ်ချိုးခြင်း လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်ကြရာ ဂန္ဓမာပန်းကိုလည်း စိုက်ပျိုး ရောင်းချကြပါသည်။ ဂန္ဓမာပန်းကို မိမိတို့ ကုန်ကွက်များနှင့် အိမ်ခြံဝင်းများအတွင်းတွင် မြေပြန့်စိုက်ပျိုးခြင်းနှင့် မြေဘောင်တင် စိုက်ပျိုးခြင်း နှစ်မျိုးကို စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းအမျိုးအစားများအနက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဒဏ်ခံနိုင်သည့် ဂန္ဓမာပန်းမျိုးကိုသာ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိ
