ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုကဏ္ဍများပြုလုပ်သွားရန် ရည်ရွယ်ထားကြပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ကမ္ဘောဒီးယားသမ္မတ Hun Monet ၏ တောင်ကိုရီးယားနိုင်ငံသို့ 2024ခုနှစ်၊ မေလ ၁၅ရက်နေ့မှ ၁၈ရက်နေ့အထိသွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြေ

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် ၂၀၂၄ခုနှစ်၊ ပထမသုံးလတာကာလတွင် ပြည်ပသို့ ပင်လယ်စာတင်ပို့မှုပမာဏအတွက် အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ပထမသုံးလတာကာလထက် ၈ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း (VASEP)၏ အဆိုအရသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာခြင်းသည် အဓိကဈေးကွက်များဖြစ်သော အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ဟောင်ကောင်တို့ထံမှ မြင့်တက်လာသော ဝယ်လိုအားများကြောင့်ဖြစ်သည်ဟုသိရပါသည်။ VASEP သည် ၂၀၂၄ခု

ဒူးရင်းသီးသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းစသည့် ဒေသများတွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ ပန်းပွင့်ချိန်သည် တစ်လခွဲ ခန့်ကြာပြီး မျိုးအလိုက် စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆လထိ ကြာပါသည်။ နိုဝင်ဘာလတွင် ပန်းစပွင့်သော အပင်သည် ဧပြီလတွင် အသီးဆွတ်ခူးနိုင်ပါသည်။ အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာ ရင့်ပါသည်။ လက်မနှင့် ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရင်းအထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်သည

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၂၂-၅-၂၀၂၄) ရက်နေ့မှ (၂၈-၅-၂၀၂၄) ရက်နေ့အထိဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်းတစ်ပိဿာလျှင် အနိမ့်ဆုံး ၃၀၀၀ကျပ်မှ အမြင့်ဆုံး ၈၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၉၅၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးခေါင်းပွတစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ကကတစ်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ငါ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို သရက်ပင်ကွင်း၊ သပြေကွင်း၊ တစ်တီတူး၊ ဇလပ်ထော် စသည့် ကျေးရွာများတွင် စိုက်ပျိုးကြပြီး အောက်ဆွဲငရုတ် နှင့် မိုးထောင်ငရုတ် တို့ကို အဓိကထား စိုက်ပျိုးကြပါသည်။
