ကုန်သွယ်မှုသတင်းများ
မြင်းခြံခရိုင်သည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်၊ ကုန်တန်းနှင့်သဲဆန်သော မြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ ကျောက်ကမူများ၊ ကုန်းမြင့်ချိုင့်ဝှမ်းများရှိပြီး မြစ်ချောင်းနည်းပါး၍ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့်ကြက်သွန်များကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုပဲမျိုးစုံအနက် ဆောင်းပဲတီစိမ်းကို အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ၊ မတ်လနှင့်ဧပြီလတ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွားသုံးကုန်ပစ္စည်းများ (GFT) ပြည်ပသို့တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၈၉ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၀.၆၉ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပြည်တွင်းနှင့်ပြည်ပအကောက်ခွန်အထွေထွေဦးစီးဌာနကထုတ်ပြန်သည့် ကုန်သွယ်ရေးအချက်အလက်အရသိရပါသည်။ GFT တင်ပို့မှုသည် ၂၀၂၂ခုနှစ်အလယ်ပိုင်းမှစ၍ (၁၈)လဆက်တိုက် ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

၁၆.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီနှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

၁၅.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-