ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ရာသီအလိုက်သီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ဝါသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း မိုးချည်မျှင်ရှည်ဝါစိုက်ဧကစုစုပေါင်း (၁၃၃၉၇)ဧကစိုက်ပျိုးထားရှိခဲ့ရာ ကျောက်ဆည်မြို့နယ်တွင် (၅၁၈၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၉) ဧက၊ မြစ်သားမြို့နယ်တွင် (၆၅၂၄) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သြဂုတ်လဆန်းပိုင်းမှစတင်၍ ဝါများစတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ မြစ်သားမြို့နယ်တွင် (၃၃၀)ဧကနှင့် စဉ့်ကိုင်မြ
ကျောက်ဆည်ခရိုင်အနေဖြင့် မြေပဲ(မိုး)စုစုပေါင်း (၄၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၁၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃)ဧက၊ မြစ်သားမြို့နယ်တွင် (၂၉၁) ဧကဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေကြောင်း၊ မြေပဲစိုက်ပျိုးမှုအနေဖြင့် မျိုး(အဆံ)စိုက်ပျိုးပါက (၂၄)ပြည်စိုက်ပျိုးရကြောင်း၊ မြေပဲတောင့်စိုက်ပျိုးမည်ဆိုပါက (၄)တင်းစိုက်ပျိုးရကြေ
ကျောက်ဆည်ခရိုင်တွင် မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၆၀၃၅) ဧက၊ စဉ့်ကိုင် မြို့နယ်တွင် (၉၅၆၉) ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၄၁၉) ဧက၊ စုစုပေါင်း (၃၉၀၂၃) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးစပါးကို ပျိုးထောင်စနစ်၊ ပက်ကြဲစနစ်များဖြင့် စိုက်ပျိုးထားကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများဖြစ်ကြောင်း၊ စိုက

တိုရွန်တို (Reuters) - ကနေဒါအလုပ်သမားသမဂ္ဂ Unifor က အမေရိကန်ပြည်ထောင်စု၏ အဆိုပြုထားသည့် အတိုင်းအတာတချို့နှင့်ကိုက်ညီစေရန် တရုတ်မှထုတ်လုပ်သည့် လျှပ်စစ်ကားများ (EVs) အားလုံးကို အခွန်စည်းကြပ်ရန် ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အလားတူလှုပ်ရှားမှုများအပြီးတွင် ကနေဒါသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်ခြင်းရန် ဇူလိုင်လတွင် လူထုညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ နှမ်း (ညို) တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၅၀၀-၁၅၀၀၀) ကျ