ကုန်သွယ်မှုသတင်းများ
မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီမှာ နယ်ဝေးဝယ်လက်များအေးနေခြင်းကြောင့် ဈေးနှုန်းထပ်မံကျဆင်းကြောင်းသိရပါသည်။ မိတ္ထီလာဈေးကွက်မှ နယ်ဝယ်လက်ပုံမှန်ရှိသောပဲခူးမှာ ရေကြီးမှုကြောင့် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ တင်ပို့မှုရပ်ဆိုင်းသွားပြီး ရန်ကုန်ဝယ်လက်မှာလည်း မိုးများနေသည့်အတွက် အဝယ်နည်းလာကြောင်းသိရပါသည်။ ပုံမှန်အားဖြင့် အခြားကုန်စည်များနှင့်ရော၍ ပဲခူးသို့ ခြောက်ဘီးကားဖြင့် တစ်ရက်လျှင် (၁/၂) စီး၊ ရန်ကုန်သို့ (၁၂) ဘီးကားဖြင့် ရက်သတ္တတစ်ပတ်လျှင် (၂) စီးမှ (၄/၅) စီးအထိတင်ပို့လေ့ရှိပ
၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာ ကာလတွင် ဗီယက်နမ်နိုင်ငံ၏ အပြန်အလှန် ကုန်သွယ်မှုပမာဏ အမေရကန်ဒေါ်လာ ၄၄၀ ဘီလီယံရှိပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ ဘီလီယံနှင့် တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံရှိကာ လွန်ခဲ့သည့် နှစ်တူညီကာလထက် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတွင် ပြည်တွင်းကဏ္ဍမှ ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ ၇၂.၂% ရှိကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံဖြင့် ၂၁.၅% မြင့်တက်ခ
ဖရဲသီးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ နှောပင်၊ ဆည်ကြီး၊ ကုန်းတောင်း၊ အပျောက်ရွာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဖရဲကို ဧပြီလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် ဆွတ်ခူးကြရပါသည်။ ဟီးရာမျိုးနှင့် ဗဟုဘာလီဖရဲမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရဲသီးများကို ဒေသတွင်းအပြင် တာချီလိတ်၊ တောင်ကြီးမြို့များသို့ အဓိကတင်ပို့ရောင်းချကြပါသည်။ လက်ရှိဈေးကွက်တွင် ဟီးရာနှင့်ဗဟုဘာလီဖရဲ (၂) မျိုးလုံးတွင် ဖရဲသီးခေါင်သီး (အကြီး) တစ်လုံးလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ ဖရဲသီး (အလတ်) တ
ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom သည် ဇူလိုင်လတွင် ဥရောပသို့ ပျမ်းမျှနေ့စဉ် သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုသည် ယခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅.၇% တိုးလာကာ ပြီးခဲ့သော ဇွန်လကထက် ၁၂% အထိ ပိုများလာကြောင်း Reuters ၏ တွက်ချက်မှုအရ သိရသည်။
အဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု စာချုပ်များ စုစုပေါင်း တန်ဖိုး ယွမ် ၈ ဘီလီယံ (ဒေါ်လာ ၁၁၂ သန်း) ခန့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။