ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်း သုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစားသတ်မှတ်သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါ DMO အစီအစဉ်အား ပြန်လည်ပြင်ဆင်ရန်စီစဉ်လျက်ရှိပြီး စားအုန်းဆီ တင်ပို့ခွင

ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) လုပ်ဆောင်မှု နည်းပါးခြင်း၊ ကမ္ဘာ့ရောင်းလိုအား မြင့်တက်လာခြင်းနှင့် နှစ်ကုန်တွင် အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခြင်း စသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာကြောင့် ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆန်တန်ချိန် ၈ သန်း အောက် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ မဲခေါင်မြစ်ကမ်းရှိ ဆိပ်ကမ်းတစ်ခုတွင် စစ်ဆေးရေးဂိတ် အသစ်တစ်ခု ဖွင့်လှစ်လိုက်သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများအနေဖြင့် ရေ ကြောင်းဖြင့် သစ်သီးဝလံများကို ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်မည်ဖြစ်သည်ဟု ထိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်နယ်များအနေဖြင့် e-auction ခေါ် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလေလံစနစ်၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) ထံမှ အရန်ထားရှိသော ဆန်များကို ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၈၀၀ နှုန်းဖြင့် ပြည်တွင်းသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်အောက်မှ တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Pralhad Joshi က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၏ နယ်မြေဒေသများစွာ၌ ဇူလိုင်လအတွင်း စံချိန်တင်မြင့်မားသည့် အပူ လှိုင်းကျရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် အစေ့ထုတ်ပြောင်း ရိတ်သိမ်းထွက်ရှိမှုမှာ တန်ချိန် ၆ သန်းခန့် လျော့နည်းဖွယ်ရှိသည်ဟု ယူကရိန်း သီးနှံထုတ်လုပ်သူများသမဂ္ဂက ဩဂုတ်လ ပထမ သီတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။