ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အောက်ဘက်ရှိ ဟိုင်းကြီးကျွန်းမြို့၊ ဒီဒူးကုန်းကျေးရွာသည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ပင်လယ်ထွက်ကုန်များဖြစ်သော ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ ပေါပေါများများထွက်ရှိပြီး ယခုကာလတွင် မိုးများပြီး ငါးခြောက်များကိုအခြောက်လှန်းရာတွင် ကြပ်တိုက်ခြောက်များဖြစ်သည့်အတွက် အရည်အသွေးမှာ ပွင့်လင်းရာသီကဲ့သို့ ကောင်းမွန်မှုမရှိသော်လည်း မိုးရာသီရာသီဥတုအခြေအနေများကြောင့် ငါးခြောက်ပြုလုပ်မှုနည်းပါး၍ ငါးခြောက်ဈေးနှုန်းများမြင့်တက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်

ယခုမိုးရာသီးတွင် မွန်ပြည်နယ်၌ သပြုသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။ သပြုသီးမှာ လုံးဝန်းသောပုံသဏ္ဍာန်ရှိပြီး အခွံအဖတ်အထပ်ထပ်အုပ်ထားသော အသီးတစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်လို (Elephant Apple) ဟုလည်းခေါ်ကြသည်။ သပြုသီးပင်မှာ အလေ့ကျပေါက်သည့်အပင်ကြီးမျိုးများဖြစ်သည်။ သပြုသီးကို မွန်၊ ရခိုင်နှင့် ဧရာဝတီဒေသတို့တွင် အများဆုံးစားသုံးကြသည်။ သပြုသီးမှာ ရာသီပေါ်သီးနှံဖြစ်ပြီး မိုးဦးကျ စတည်းက တွေ့ရှိနေရပြီဖြစ်သည်။
မွန်ပြည်နယ်တွင် ပီလောပီနံကို ၂၀၂၃-၂၀၂၄ခုနှစ်တွင် စိုက်ဧက ၈၅၉ ဧက၊ ရိတ်ဧက ၄၄၀ဧက၊ နှုန်း ၃၄၇၂.၂၇ နှင့် အထွက် ၁၆၄၆၅၉၈ ပိဿာရှိခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ဘီးလင်းမြို့၊ သထုံမြို့၊ ပေါင်မြို့၊ ချောင်းဆုံမြို့၊ ကျိုက်မရောမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့၌ စိုက်ပျိုးကြသည်။
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃၁-၇-၂၀၂၄) ရက်နေ့မှ (၅-၈-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၁၃၆၃၅) အိတ်၊ ပေါ်ကျွဲ (၇၉၀၉) အိတ်၊ ဧည့်မထ (၁၂၂၂၄၈) အိတ်၊ ဆန်ကွဲ (၂၃၁၀၂) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၁၁၆၀၃) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြိ
