Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Aug 2024

       ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန

08 Aug 2024

       Royal Railway Comgodia (RRC) သည် ၎င်း၏ကုန်စည်ပို့ဆောင်ရေးစွမ်းရည်ကိုမြှင့်တင်ရန်အတွက် မလေးရှားနိုင်ငံမှ ရထားတွဲသစ် ၂၅တွဲကိုတင်သွင်းခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

      ထိုရထားတွဲများအားတင်ဆောင်လာမည့် သင်္ဘောသည် ဇူလိုင်လ ၂၈ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း Royal Railway ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

08 Aug 2024

        စင်္ကာပူနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံသူ Temasek သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နည်းပညာ စသည့်ကဏ္ဍာများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားသည်။

       ၎င်းသည် US တွင် မယုံနိုင်လောက်အောင်နက်နဲပြီး ကျယ်ပြန့်သော အရင်းအနှီးဈေးကွက်တစ်ခုဖြစ်ကြောင်း Temasek ၏ မြောက်အမေရိကအကြီးအကဲ Jone Aterton က Reuters သို့ပြောကြားခဲ့သည်။

08 Aug 2024

      ကမ္ဘာ့ဘဏ်မှ ကုန်ပစ္စည်းတစ်ခုလျှင် လက်ရှိအခွန် ၆၅% အပြင် အရက်တစ်လီတာလျှင် ပကတိအခွန် VND ၁၆၅၀၀ (၀.၆၅ဒေါ်လာ) ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပြု ထားကြောင်း အတိုင်ပင်ခံလုပ်ငန်းအစီအရင်ခံစာအရသိရသည်။

        ယင်းကဲ့သို့ အခွန်စည်းကြပ်ခြင်းသည် အရက်သေစာသောက်စားမှုအား ပိုမိုပျံ့နှံ့စေခြင်းမရှိကြောင်း သေချာစေကာ အပြုသဘောဆောင်သော ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ ကိုလည်း ဆောင်ကြဉ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့သည်။

08 Aug 2024

       နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ (NEA) ၏အဆိုအရ နီပေါ်နိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယသို့ ၁၆.၉၃ဘီလီယ့တန်ဖိုးရှိ လျှပ်စစ်ဓါတ်အားတင်ပို့ခဲ့သည်။ အခြားတစ်ဖက် တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဝယ်ယူတင်သွင်းရန် Rs ၁၆.၈၁ဘီလီယံသုံးစွဲခဲ့သည်။ ထို့ကြောင့် NEA သည် ထိုသို့လျှပ်စစ်ဓါတ်အားအရောင်းအဝယ်ပြုလုပ်ခြင်းမှ Rs သန်း၁၂၀ကျော်အသားတင်ရရှိခဲ့သည်။

Pages