ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံတွင် စားသုံးမှုပမာဏအများဆုံး ပဲမျိုးအစားဖြစ်သော ကုလားပဲ၏ ဈေးနှုန်းများသည် ပွဲတော်ရာသီကာလမတိုင်မီ ဝယ်လိုအားမြင့်မားလာမှုအရ လွန်ခဲ့သော ၁ လတာအတွင်း ၁၀% အထိ မြင့်တက်လာခဲ့သည်ဟု ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ စီမံခန့်ခွဲမှုလုပ်ကိုင်သူများက ပြောကြားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။
မွန်ပြည်နယ်အတွင်းသို့ အထက်အညာဒေသမှ စားဖိုဆောင်သီးနှံများ ဝင်ရောက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ မော်လမြိုင်၊ ရတနာထွန်းပွဲရုံတန်းသို့ စားဖိုဆောင်သီးနှံများ ဝင်ရောက်မှုအခြေအနေမှာ ငရုတ်သီးခြောက် (၂၀၀၀၀၀) ပိဿာ၊ ကြက်သွန်နီ (၁၉၇၇၅၀) ပိဿာ၊ ကြက်သွန်ဖြူ (၃၀၄၅) ပိဿာ ဝင်ရောက်ခဲ့သည်။ အဆိုပါသီးနှံများအနက် ကြက်သွန်နီမှာ (မြင်းခြံ၊ တောင်သာ၊ မလှိုင်) ဒေသမှလည်းကောင်း၊ ကြက်သွန်ဖြူမှာ (အောင်ပန်း၊ မိတ္ထီလာ၊ ရမည်းသင်း) ဒေသမှလည်းကောင်း၊ ငရုတ်သီးခြောက်မှာ (ကျောက်ဆည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရောင်းချသူ အနည်းငယ်သာရှိသောကြောင့် ယခုအခါ ကြက်သွန်နီကို အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို စတင်ရောင်းချလျက်ရှိပြီး လက်လုပ်လက်စား အလုပ်သမားများ၏ မိသားစုနေစားဝတ်ရေးကို မျှစ်ချိုးခြင်းလုပ်ငန်းဖြင့် အပိုဝင်ငွေ ရရှိနေကြောင်း သိရှိရပါသည်။
မျှစ်ကိုလူအများ ကြိုက်နှစ်သက်ကြပြီး အရန်ဟင်း တစ်မျိုးအဖြစ် မျှစ်ကို ချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ဆန်လှော်နှင့် ဟင်းခါးချက်၍ သော်လည်းကောင်း၊ မျှစ်ပြုတ်ကို ငပိရည်နှင့် တို့၍သော်လည်းကောင်း စားသုံးကြသည်။
မိုးရာသီရောက်လာပြီဆိုလျှင် ဖလံတောင်ဝှေးအပင်များမှာ အစို့ထွက်လာပြီး အပြိုင်အဆိုင်ကြီးထားလာကာ မိုးတွင်းကာလတွင်ပေါက်ရောက်သော စားပင်တစ်မျိုးဖြစ်သည်။ ဖလံတောင်ဝှေးဆိုသည်မှာ ရိုးတံအစိမ်းရောင်ဖြင့် တစ်တောင်မျှအရှည်ဖြတ်ပြီး ခူးစွပ်ရောင်းချသော သဘာဝပေါက်သောအပင်ဖြစ်သည်။ ယခုကဲ့သို့သော မိုးအေးသောရာသီတွင် ဖလံတောင်ဝှေးကိုထုကာ တပြားရိုက်ပြီး ပုစွန်သေးသေးနှင့်ဖြစ်စေ၊ ကြက်ဥနှင့်ဖြစ်စေ ကြော်စားမည်ဆိုလျှင် ထမင်းမြိန်စေသောဟင်းတစ်ခွက်ဖြစ်သည်။ "အစားလည်းဆေး ဆေးလည်းအစာ" ဆိုသည့်အတိုင်း ဖလံတေ
