ကုန်သွယ်မှုသတင်းများ
စင်္ကာပူနိုင်ငံရှိ စတိုးဆိုင် တစ်ဆိုင်သည် မေလက ဓါတ်ခွဲခန်းသုံးအသားများကို အများပြည်သူများထံသို့ တိုက်ရိုက်ရောင်းချလျက်ရှိပြီး ၎င်းသည် လူသားမျိုးနွယ်အတွက် အစားအသောက်အပိုင်းတွင် မှတ်သားဖွယ်ရာ အခိုက်အတန့်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ပြီးခဲ့သော စနေနေ့က Huber’s Butchery ဆိုင်သို့ လာရောက်လည်ပတ်စားသောက်ကြသောဧည့်သည်များအား ထောပတ်သီး၊ Picn de gallo နှင့် နံနံပင်တို့နှင့်အတူ Toco shells တွင် ထည့်သွင်းရောင်းချလျက်ရှိသည်။

ကုမ္ပဏီမှ စာရွက်စာတမ်းများအရ Geely မှ ငွေကို အရစ်ကျဖြင့် နှစ်ဆင့်ခွဲ၍ ပေးချေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်မော်တော်ကားအုပ်စုသည် ၎င်း၏ Coventry အခြေစိုက်လုပ်ငန်းခွဲသို့ ပေါင် ၇၀ သန်းနှင့် မေလတွင် ပေါင် ၅၀ သန်းအား ရင်းနှီးမြှုပ်နှံရန် စုဆောင်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ ကင်မ်ချီတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ပြီး ကိုရီးယားအစားအစာများအား မြောက်အမေရိကနှင့် ဥရောပတို့၌ လူကြိုက်များလာခြင်းကြောင့် ယခုနှစ်၏ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ကြောင်း ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏နောက်ဆုံးတင်ပို့မှုအပြီး လေးနှစ်အကြာတွင် သကြားကြမ်း ၂၅၃၀၀ မက်ထရစ်တန်အား ယခုနှစ်အတွင်း အမေရိကန်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။

တရုတ်အစိုးရပိုင် လုပ်ငန်းတစ်ခုသည် အမေရိကန်ကုမ္ပဏီ Space x ၏ starlink ကမ္ဘာ လုံးဆိုင်ရာ အင်တာနက်ကွန်ရက်ကို ပြိုင်ဆိုင်ရန် ဒီဇိုင်းထုတ်ထားသည့် megaconstellation ဂြိုလ်တုများအတွက် ပထမအသုတ်အား ဩဂုတ်လ ၅ ရက်နေ့က လွှင့်တင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့သည်။
