ကုန်သွယ်မှုသတင်းများ
ပြန်လည်သုံးသပ်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄၀ဘီလီယံနီးပါးရှိခဲ့ပြီး ပို့ကုန်စုစုပေါင်းမှာ ဒေါ်လာ ၂၂၆.၉၈ဘီလီယံနှင့် သွင်းကုန် စုစုပေါင်းမှာ ဒေါ်လာ ၂၁၂.၉ဘီလီယံဖြင့် နှစ်စဉ် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်က်ခဲ့သည်။
ပို့ကုန်တန်ဖိုး၏ ပြည်တွင်းကဏ္ဍသည် ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၁၆.၉% မှ ၁၃၄.၉ ဘီလီယ့အထိမြင့်တက်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသည် ပဲခူးရိုးမတောင်ခြေများအနီးရှိ ဝါးရုံတောများမှ မျှစ်များရရှိပါသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသော မိုးဦးကျကာခါစ၊ ဇွန်လ၊ ဇူလိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသောလများဖြစ်ပါသည်။တောင်ပေါ်တောများမှ အများဆုံးစားသုံးသော မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ်တို့ဖြစ်ကြပါသည်။ ကျေးလက်တောရွာများတွင် စိုက်ပျိုးထားသောဝါးပိုးဝါးမျှစ်များကို မျှစ်ချဉ်ထည့်၍ ရောင်းချလေ့ရှိကြသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ပေါ်ဈေးသို့ မကျည်းမှည့်အသစ်များ ဝင်ရောက်လျက်ရှိပြီး မကျည်းမှည့် အသစ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ၊မကျည်းမှည့်အဟောင်း ၁ ပိဿာလျှင်(၄၀၀၀) ကျပ်၊ နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဟောင်းနှင့်အသစ် ၁ ပိဿာလျှင် ၃၀၀၀ ကျပ်ခန့် ဈေးကွာဟ ကြောင်းသိရသည်။ ဈေးနှုန်း နှိုင်းယှဉ်ချက်များအရ မကျည်းမှည့် ဈေးနှုန်းများမှာ ယခင်နှစ်တွင် အသစ်ဈေး ၁ ပိဿာလျှင် ၆၀၀၀ကျပ်၊ အဟောင်းဈေး ၁ ပိဿာလျှင် ၃၅၀၀ ကျပ်၊ ဖြစ်သောကြောင့် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့် ဈေး

၂၀၂၄ ခုနှစ်၊ ဩဂုတ် ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင် နွေရာသီပေါ်ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်များလှိုင်လှိုင်ပေါ်ပြီး ဈေးနှုန်းကောင်း လျှက် ရှိကြောင်းသိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ) နဲ့ချည်ရည်ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ ပဲကြော်စားစား ထမင်းမိန်ကာစားလို့ကောင်းရုံတာမ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တဖြည်းဖြည်းကျနေခဲ့သော်လည်း အရောင်းအဝယ်သွက်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပဲစဉ်းငုံနီသည် အညာဒေသတွင် အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး ယခုအချိန်တွင် သက်ကြီးပဲစိမ်းငုံနီများလည်း စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီကို ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများမှာလည်းအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပို