Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Aug 2024

       ငှက်ပျောစိုက်ပျိုးရာတွင် အရင်းအနှီးများသော်လည်း အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့်  စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း မအူပင်အိုင်ဝိုင်းကျေးရွာဘက်မှ ငှက်ပျောစိုက်တောင်သူများထံမှသိရသည်။

09 Aug 2024

        မအူပင်မြို့နယ်တွင် ကွမ်းသီးစိမ်းများကို အရောင်းအဝယ်မပျက်ဘဲ နှစ်တစ်လည်လုံးရောင်းချနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ရောင်းချနေသောကွမ်းသီးစိမ်းများကို မအူပင်မြို့နယ်တွင် စိုက်ပျိုးနေပြီး၊ ကျိုတ်လတ်မြို့မှလည်း မအူပင်ဈေးကွက်သို့တင်ပို့ရောင်းချနေကြောင်း၊  မအူပင်မှထွက်ရှိသော ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ကြောင်းလည်းသိရပါသည်။

09 Aug 2024

        ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ပုစွန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းတွေ့ရှိရပြီး ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မိုးရာသီကာလဖြစ်သော်လည်း ရေကြီးရေလျှံမှုကြောင့် ရေစီးသန်သဖြင့် ငါးဖမ်းပိုက်များ၌ ငါးများမမိခြင်းနှင့် ပုစွန်မွေးမြူရေးကန်များတွင်လည်း ရေကြီးရေလျှံသဖြင့် မွေးမြူရေးကန်များ ရေပြည့်လျှံမှုကြောင့် ဈေးကွက်အတွင်း ပုစွန်ရရှိမှုလျော့နည်းပြီး ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း မြို့မဈေးရှိ ငါး/ပုစွန်ရောင်းချသူထံမှသိရှိရပါသည်။

09 Aug 2024

       ပုသိမ်မြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ကွမ်းလက်လီရောင်းချရသည့်ဆိုင်များနှင့် ကွမ်းယာရောင်းချသည့်ဆိုင်များ တွက်ခြေမကိုက်ကြောင်း ဒေသခံရောင်းချသူများထံမှသိရှိရပါသည်။ ပုသိမ်မြို့နယ်တွင်ရောင်းချသည့် ကွမ်းရွက်အများစုမှာ ပုသိမ်ကွမ်း၊ ကျောင်းကုန်းကွမ်းနှင့် ပန်းတနော်ကွမ်းတို့ဖြစ်ကြပြီး ယခုလက်ရှိကာလသည် မိုးရာသီဖြစ်သည့်အလျောက် ကွမ်းစိုက်သောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် ကွမ်းခြံများရေနစ်မြှပ်မှုကြောင့် ကွမ်းရွက်ဈေးနှုန်းမြင့်တက်နေကြောင်းသိ

09 Aug 2024

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ဈေးနှုန်းမြင့်တက်ရခြင်းအကြောင်းအရင်းမှာ မိုးရာသီဖြစ်၍ မိုးများရွာသွန်းမှုကြောင့် ဥဥနှုန်းကျဆင်းခြင်းနှင့် ကြက်များမှာ ရေကြီးရေလျှံဖြစ်မှုကြောင့် ကြက်၊ ဘဲ များသေနှုန်းများပြားမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း ကြက်မွေးမြူရေးခြံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages