Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jul 2024

    ယခုနှစ်တွင် ပြည်တွင်း၌ အာလူးအထွက်နှုန်း လျော့ကျသည့်အပြင် တစ်ဖက်တွင်လည်း ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရခြင်းကြောင့် တရုတ်နိုင်ငံဘက်မှပုံမှန် ဝယ်ယူတင်သွင်း နေသည့် အာလူးများ အဝင်လျော့နည်းနေပြီး အာလူးဈေးတက်နေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

24 Jul 2024

       နိုင်ငံတော်အနေဖြင့် ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs  လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထုတ်ကုန်ကဏ္ဍ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)၊ ကုန်ကြမ်းမှသည်  ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန်(Value-add) အထိထုတ်လုပ်၍ ဈေးကွက်အရောက်တင်ပို့ ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။

24 Jul 2024

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာ၌ ခရမ်းသီးများစိုက်ပျိုးထားရှိပြီး ယခုအချိန်မှာ ခရမ်းသီးများထွက်ရှိချိန်ဖြစ်၍ ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ခရမ်းသီးကို တန်ခူးလတွင် စတင်စိုက်ပျိုးပြီး နယုန်လလယ်လောက်တွင် ခရမ်းသီးများစတင်ထွက်ရှိပါသည်။ ခရမ်းသီးတစ်ယောက်စိုက်(တစ်ဧက၏ လေးပုံတစ်ပုံ)တွင် အပင်ရေ (၅၀၀)ခန့်ရှိပြီး၊ တစ်ဧကလျှင် အပင်ရေ (၂၀၀၀)ခန့်ဝင်ဆံ့သည်ဟုသိရပါသည်။ ခရမ်းသီးများထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန် (၂၀)ခန့်ရရှိပြီး (၃)ရက

24 Jul 2024

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ငရုတ်စိုက်ပျိုးသူတောင်သူ ဦးမျိုး၏ငရုတ်စိုက်ခင်းသို့ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းငရုတ်သီးမျိုးဖြစ်ပြီး တပေါင်းလတွင်စိုက်ပျိုးပြီး တန်ခူးလတွင် ပျိုးပင်ပေါက်များကို ပေါင်များပေါ်တွင် တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား၍စိုက်ပျိုးရပါသည်။ ငရုတ်ပင်များကို ရွှေ့ပြောင်းစိုက်ပြီး ၁၀/၁၂ ရ

24 Jul 2024

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် သခွားသီး(တို့စရာ) စိုက်ပျိုးသူတောင်သူ ဦးအောင်ကျော်၏ ငရုတ်စိုက်ခင်းသို့ (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ သခွားသီးကို ကဆုန်လတွင် စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီးနောက် (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်၍ရောင်းချရပါသည်။ သခွားသီးစိုက်ပျိုးရာတွင် မျိုးစေ့(၃)ထုပ်စိုက်ပျိုးရပြီး မြောင်းပေါင်ပြုလုပ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်း စသည်ဖြင့် ကုန်ကျစရိတ် (၅)သောင်းကျ

Pages