ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်တွင် နှမ်းကို ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးကြပြီး ဘီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောတို့တွင် အများဆုံစိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးသည့်မျိုးအနေဖြင့် နှမ်းနက်ကို အများဆုံစိုက်ပျိုးကြောင်းသိရှိရသည်။
မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ နှမ်းစိုက်ဧကမှာ (၂၁၂၇) ဧကရှိပြီး၊ ရိတ်သိမ်းဧကမှာ (၂၁၂၇) ဧက၊ အထွက်နှုန်းမှာ (၁၁.၇၂) တင်းနှုန်းဖြင့် တင်းပေါင်း (၂၄၉၁၉) တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည်။ ကျွဲကောသီးအများဆုံထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခုဇူလိုင်လ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီး ပန်းရောင်(အကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ကျွဲကောသီး ပန်းရောင်(အလတ်) တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ကျွဲကောသီး ပန်းရောင်(အငယ်) တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ကျွဲကောသီး အဖြူ(အကြီး) တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ကျွဲကောသီး အဖြူ(အလတ်) တစ်လုံးလျ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးသည့်အနက် နနွင်း(မိုး)ကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း နနွင်းစိုက်ဧက(၇၅၄)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၄)ဧက၊ မြစ်သားမြို့နယ်တွင် (၇၂၀)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် (၁)ဧကလျှင် နနွင်းတက်(၁၅-၁၆)တင်း၊ နနွင်းဂေါင်း (၅၀)တင်းစို

ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် ရာသီအလိုက် သီးနှံများစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးများစိုက်ပျိုးရန်အတွက် ပျိုးများစတင်ထောင်လျက်ရှိပါသည်။ပျိုးထောင်ရန်အတွက် (၁)ဧကလျှင် မျိုး(၂)တင်းခန့်ထောင်ရကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများကိုစိုက်ပျိုးကြကြောင်း၊ မျိုးစျေးအနေဖြင့် ဧရာပဒေသာမျိုးတစ်တင်းလျှင် (၃၀၀၀၀/-)ကျပ်၊ မနောသုခမျိုးတစ်တင်းလျှင် (၂၃၀၀၀/-)ကျပ်ဖြင့်ဝယ်ယူစိုက်ပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး တောင်သူများမှာ နွေစပါးသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်း နွေစပါးစိုက်ဧကအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၆၅၁၉)ဧကစိုက်ပျိုးထားရှိပြီး ဇူလိုင်လ ဒုတိယပတ်အထိ (၄၂၇၉)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေစပါး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၇၈၀၀၀၀/-)ကျပ်ခ
