Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2024

    ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှုနှင့် ဆန်သိုလှောင်မှုလက်ကျန်ပမာဏ များပြားသော်လည်း နိုင်ငံတွင်း ဆန်စျေးနှုန်းကြီးမြင့်မှုနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစိုးရ၏ မူဝါဒဖြစ်သော သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ  ၁၅ ရာခိုင်နှုန်းအထိ  လျှော့ချခဲ့ခြင်းတို့ကြောင့် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်တွင် ဆန်တန်ချိန် ၄.၇ သန်းအထိ  စံချိန်တင် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) ၏ အစီရင်ခံစာအရ သိရသည်။

22 Jul 2024

    ဗီယက်နမ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်များတင်ပို့ရာတွင် ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချခဲ့သည်ဟု အင်ဒိုနီးရှားအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ စွပ်စွဲချက်အား ဗီယက်နမ် ဆန်တင်ပို့ရောင်းချသူ Tan Long Group က ငြင်းဆိုခဲ့သည်။

22 Jul 2024

   ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်း ၁၄၂၅၈၆ တန် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၆.၈% ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၀.၅% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံမှ ကန့်သတ်ချက်များ ဖြေလျှော့မည့်အလားအလာကို ဈေးကွက်များမှ စောင့်ဆိုင်းနေသောကြောင့် ဗီယက်နမ်မှတင်ပို့သည့် ဆန်ဈေးနှုန်းများသည် တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ဝယ်လိုအားနည်းပါးချိန်ဖြစ်သည့် ယခု အပတ်အတွင်း ထိုင်းဆန်ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စားအုန်းဆီကြမ်းနှင့် နေကြာဆီကြမ်း တင်သွင်းမှု ပိုများလာခြင်းကြောင့် စားသုံးနိုင်သောဆီနှင့် စားသုံးခြင်းမပြုနိုင်သောဆီများ ပါဝင်သည့် စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ၁၈% ခန့် မြင့်တက်ခဲ့ပြီး တန်ချိန်အားဖြင့် ၁၅.၅ သိန်းခန့်ရှိကြောင်း၊ အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India-SEA) ၏ အချက်အလက်များအရ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်နှစ် ဇွန်လတင်သွင်းမှု တန်ချိန် ၁၃၁၄၄၇၆ နှင့် နှိုင်း

Pages