Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆောင်းသီးနှံမြေပဲတောင့်နှင့် မြေပဲဆံများ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူခရိုင်၊ ဆောမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မြေပဲသီးနှံများ တူးဖော်၍ ပခုက္ကူဈေးကွက်သို့ မြေပဲတောင့်အဆံ(နီ)နှင့် မြေပဲတောင့်အဆံ(ဖြူ)များ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၁)သောင်း၊ တစ်ပတ်အတွင်း ပိဿာ (၉)သောင်းခန့် ဝင်ရောက်ကြောင်း၊ မြေပဲဆံများကို ယောနယ်ဒေသနှင့် မြိုင်နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ပိ

22 Jul 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် စားဖိုဆောင် သီးနှံကြက်သွန်နီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေပါ သည်။ မြို့ပေါ်ရှိ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်၊ ချတောက်၊ ရွာသစ်၊ ဂွေးပင်၊ ချောင်းမကြီး၊ လိပ်ခြံကျေးရွာများမှ ကုန်ချိန်အများဆုံးဝင်ရောက်လျက်ရှိပြီး၊ ဥပုဒ်နေ့မှလွဲ၍ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃)သောင်း၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ဝင်ရောက် အရ

22 Jul 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ မိုးမခ၊ ကျော်၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်နှင့် ကံဟိန်းတို့တွင် ဘိလပ်မြေအမျိုးအစားများဖြစ်သော ကြံ့နှစ်ကောင်၊ အပါချီ၊ အယ်လ်ဖာများ ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း အတက် အကျမရှိ တည်ငြိမ်နေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်မှ သိရှိရပါသည်။ ၎င်းဆိုင်များက ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ဘိလပ်မြေစက်ရုံများမှ သယ်ယူရောင်းချကြောင်

22 Jul 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစဉ်းငုံနီမှာ ကုန်စည်ဒိုင်သာမကမြို့ပေါ်ရှိပွဲရုံများ တွင်လည်းနေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူ ကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံနီ စိုက်ဧက(၃၁၁၇)ကျော်ရှိပြီး  အဓိကစိုက်ပျိုးသောနေရာများမှာ  ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာ များနှင့် မြိုင်မြို့နယ်ရှိရွာများ ဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြားသီးနှံများနှင

22 Jul 2024

       သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်လ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့်၊ စုစုပေါင်း(၆၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇူလိုင်လ၏ တတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၉၀၀)  အိတ်ခန့်၊

Pages