ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံတွင် Kabuli Chana ခေါ် ကုလားပဲအဖြူမျိုး အပါအဝင် ပဲစင်းငုံနှင့်ကုလားပဲတို့ အား ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏ ကန့်သတ် ချက်များ ချမှတ်ထားရာမှ ၁၁-၇-၂၀၂၄ နေ့တွင် အစိုးရက ပြန်တမ်းထုတ်ပြန်လျက် Kabuli Chana ကုလားပဲအဖြူကို အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် ဆန်စပါး လုပ်ငန်းနယ်ပယ်၌ မိတ်ဖွဲ့ရင်းနှီးမြှုပ်နှံမှုဖြင့် ကုန်သွယ်ရေးဆက်ဆံမှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကြား ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့တစ်ရပ်ကို ထူထောင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း ANN သတင်းအရင်းအမြစ်ကို ကိုးကားလျက် မလေးရှား The Star Online သတင်းဝက်ဆိုက်က ဖော်ပြပါသည်။
တနင်္သာရီတိုင်းဒေသကြီးမှ (၈-၇-၂၀၂၄) ရက်နေ့မှ (၁၅-၇-၂၀၂၄)ရက်နေ့အထိ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မှ ထားဝယ်မြို့သို့ (ပေါ်ဆန်း+ဧည့်မထ)ဆန် (၅၄၆၈) အိတ်၊ တန်ချိန်အားဖြင့် ၂၇၃တန်၊ ဖျာပုံမှ မြိတ်မြို့သို့ (ပေါ်ဆန်း+ဧည့်မထ)ဆန် (၉၈၀၀)အိတ်၊ တန်ချိန်အားဖြင့် ၄၉၀တန်၊ စုစုပေါင်း (ပေါ်ဆန်း+ ဧည့်မထ)ဆန် (၁၅၂၆၈) အိတ်၊ တန်ချိန် (၇၆၃) တန်စီးဝင်ခဲ့ပြီး ယခုအပတ်တွင် ရန်ကုန်မှ ကော့သောင်းသို့ ဆန်စီးဝင်မှုမရှိကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ (၈-၇-၂၀၂၄) ရက်နေ့မှ (၁၅-၇-၂၀၂၄) ရက်နေ့အထိ တနင်္သာရီတိုင

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှု အကောက်ခွန်နှုန်းထားများ လျှော့ချပေးခြင်းမှ ဆန်ရောင်းလိုအားကွင်းဆက်အပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်ရန်အတွက် နိုင်ငံတစ်ဝန်း ၌ ဆန်ဈေးနှုန်းများအား ကုန်သွယ်ရေးနှင့်စက်မှုဌာန (DTI) နှင့် စိုက်ပျိုးရေးဌာန (DA) တို့ ပူးပေါင်း၍ စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ ဆန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
