Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jul 2024

    ပင်လုံမြို့သို့ ရုံးကိစ္စဖြင့်ရောက်ရှိခဲ့စဉ်က ပင်လုံမြို့ မြို့မဈေး ဈေးအရှေ့ဘက်တွင် (Pro Box) ကဲ့သို့သော ကားငယ် (၄)စီး၊ (၅)စီးခန့် နာနတ်သီးများ ရောင်းချနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ရောင်းချနေသော နာနတ်သီးများ၏ ဈေးမှာ အလုံးငယ် (၁၅၀၀)ကျပ်နှင့် အလုံးကြီး (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ၎င်းနာနတ်သီးများမှာ နမ့်စန်ဒေသမှ ထွက်ရှိပြီး ယခုလိုရာသီမျိုးတွင် လှိုင်လှိုင်ထွက်ရှိကြောင်းနှင့် မိမိကားငယ်တစ်စီးလျှင် အရင်းငွေ (၅၀၀၀၀၀)ကျပ်ခန့် ရင်းနှီးရပြီး ဝယ်ယူထားသော နာနတ်

24 Jul 2024

       တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်လုပ်ငန်းသည် မိသားစုအပိုဝင်ငွေရသည့် လုပ်ငန်းဖြစ်ပါသည်။ ဆန်ကိုရေစိမ်၍ ကြိတ်ပြီး ရလာသောမုန့်နှစ်ကိုမူ ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်နီတို့ကိုပါးပါးလှီး၍သော်လည်းကောင်း၊ စပါးလင်၊ ချင်းကိုကြေညက်အောင်ထောင်း၍သော်လည်း‌ကောင်း ရသာမှုန့်များဖြင့်နယ်ပြီး ရဲယိုရွက်ကိုဆီသုတ်၍ ထုပ်ရပါသည်။

24 Jul 2024

      တောင်ငူမြို့သို့ ရှမ်းပြည်နယ်၊ သီပေါမြို့မှ နာနတ်သီးများဝင်ရောက်လျက်ရှိပြီး ကျောက်စိမ်းသီးနှင့် ပျားရည်သီးဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ကျောက်စိမ်းသီးများမှာ အရွယ်ညီပြီး ပေါ်ခါစက တစ်လုံးလျှင် ၃၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၅၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ၊ တတိယအပတ်တွင် တစ်လုံးယူလျှင် ၂၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

24 Jul 2024

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ တောင်ငူခရိုင်မှ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း အခြေခံလူတန်းစားများရှိရာ ရပ်ကွက်/ကျေးရွာများသို့ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

24 Jul 2024

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတား ယာဉ်ရပ်နားစခန်းသို့  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ယာဉ်မောင်း  ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် (2I-7044 /Nissan Diesel) မော်တော်ယာဉ်ဖြင့်တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီက (စနစ်သစ်) ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁

Pages