Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2024

၁၄.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

14 Jun 2024

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်ရှိ ဒေသများတွင် စိုက်ပျိုးရေးခြံများနှင့် အိမ်ခြံဝန်းအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော လိုင်ချီးသီး(ဒေသအခေါ် တရုတ်ဇီးသီး/ လေချူသီး)များ မေလမှစတင်၍ ပေါ်ထွက်နေပြီးဖြစ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ကချင်ပြည်နယ်ဒေသများတွင် စိုက်ပျိုးထားသောလိုင်ချီးသီးများမှာ အခွံထူ အစေ့ကြီး အသားပါး အချဉ်ဓာတ်ကဲသောအမျိုးအစားနှင့် အခွံပါး အစေ့သေး အသားထူ ချိုမွှေးသောအမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး ဝိုင်းမော

14 Jun 2024

    ကချင်ပြည်နယ်အတွင်း ဆီနေကြာများစိုက်ပျိုးရာတွင် ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့်  ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာစိုက်တောင်သူများအား ဆီနေကြာ မျိုးစေ့၊ သွင်းအားစုများ ပံ့ပိုးကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေးလျက် ရှိပါသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၁၅၃၅ ဧကရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၂၆၈၂ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

14 Jun 2024

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ကားတာယာများကို ပြည်ပသို့ အံ့သြဖွယ်ပမာဏတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၀၈သန်းပမာဏရှိသည့် ကားတာယာများကိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၁သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်သောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၀၄ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

14 Jun 2024

    ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် ယခုနှစ် ပထမ(၅)လတာကာလတွင် အမေရိကန်ဒေါ်လာ ၄၉၃.၁သန်းတန်ဖိုးရှိသည့် ငရုတ်ကောင်းတန်ချိန် ၁၁၄၄၂၄တန်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ပမာဏအားဖြင့် ၁၃.၂ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၂၀.၆ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အနက်ရောင်ငရုတ်ကောင်း၏ ပျမ်းမျှတင်ပို့မှုတန်ဖိုးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ၄၁၉၇ရှိပြီး အဖြူရောင်ငရုတ်ကောင်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၀၄ရှိကြောင်း၊ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက်

Pages