ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပုတီးကုန်းမြို့နှင့် ဝတ်ပုတ်နယ်နိမိတ်ရှိရွာများတွင် ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ များပြားစွာရှိပါသည်။ ထွက်ရှိလာသောဟင်းသီးဟင်းရွက်သီးနှံများကို ဝတ်ပုတ်မှတစ်ဆင့် တင်ပို့ရောင်းချနိုင်သောဈေးကွက်တစ်ခု တွင်ကျယ်စွာဖြစ်ပေါ်နေသောကြောင့်ဖြစ်ပါသည်။

ပဲပင်ပေါက်ဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ် ဖောက်ကြသလို တစ်ပိုင်တစ်နိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများလည်း ရှိကြသည်။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲထည့် သုပ်ခြင်း၊ ဟင်းချိုချက်ခြင်း၊ အချဉ်စိမ်ပြီးဖြစ်စေ စားလေ့ရှိကြသည်။ ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်သောကြောင့် ကျန်း

ပဲခူးတိုင်းဒေသကြီးသည် နှစ်ရှည်သီးနှံပင်များ ၊ ကာလတိုပင်များအား စီးပွားဖြစ်စိုက်ပျိုးသူများရှိသလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများလည်းရှိရာ ကီလိုမာလကာစိုက်ပျိုးရောင်းချသူများအနေဖြင့် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

တောင်ငူမြို့ညောင်ပင်ဈးတွင် မင်းဂွတ်သီးနှင့် နဂါးမောက်သီးများ ပေါများစွာ ရောင်းချနေပါသည်။ ယခင်က မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၂၀၀ခန့် ရှိရာမှ ယခု ဩဂုတ်လတွင် မင်းဂွတ်သီး အလုံးချော တစ်လုံးလျှင် ၁၀၀ ကျပ်အထိ ကျဆင်းသွားပြီး ဈေးကွက်တွင် ပေါများစွာ ရောင်းချနေကြပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရောင်းချနေသော မင်းဂွတ်သီးများမှာ တောင်ငူမြို့ အရှေ့ဘက်၊ ကရင်ပြည်နယ် သံတောင်မြို့နယ်ရှိ တောင်ပေါ်ဒေသများမှ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ မြေပဲသီးနှံကို ယခင်နှစ်ကာလတူတွင် ဈေးကောင်းများစွာရရှိခဲ့ပြီး ယခုအခါ မိုးမြေပဲ၊ ဆောင်းမြေပဲဟူ၍ ရာသီအလိုက် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ သဲကုန်းမြို့နယ်တွင် မြေပဲစိုက်ဧက (၅၀၀) ကျော်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြေပဲစိုက်တောင်သူများလည်းများပြားလာပါသည်။
