ကုန်သွယ်မှုသတင်းများ
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၊ ပထမအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၆၇၀) အိတ်ခန့်၊ စုစုပေါင်း(၅၁၇၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၉) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇွန်လ၊ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၄၀၀) အိတ်ခ

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ကျေးရွာခြောက်ရွာ၌ ထုတ်ချေးပေးခဲ့သည်။

တောင်ထန်းဖက်များကို အိမ်အမိုးမိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်တို့အတွက် အသုံးပြုကြသည်။ တောင်ထန်းများမှာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်ထွက်ရှိသည်။ ယခုမိုးရာသီရောက်ရှိလာပြီဖြစ်၍ အိမ်အမိုးများအသစ်လဲလှယ်ကြရန် တောင်ထန်းဖက်များကို ဝယ်ယူမှုများနေသဖြင့် ဈေးကောင်းရလျက်ရှိသည်။ ဈေးနှုန်းမှာ အကတ်၁၀၀လျှင် ၂၅၀၀၀ကျပ်အထိဈေးနှုန်းရရှိကြောင်းသိရှိရသည်။ ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ ပိုင်ဒဝယ်ကျေးရွာများတွင် တောင်ထန်းအများအပြားထွက်ရှိပြီး ထွက်ရှိလာသောတောင်ထန်းများကို ဒေသအတွင်းအ

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသမှ ဒညင်းသီးများ စတင်ထွက်ပေါ်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒညင်းသီးလက်လီဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀၀/-)ကျပ်ဖြစ်ပြီး (၁၁)လုံးလျှင် (၁,၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပြီး အများဈေးဖြင့် လက်ကားဖောက်သည်ယူပါက အလုံး (၁၀၀၀)ယူလျှင် ငွေကျပ် (၈,၀၀၀/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော ကြက်ဥ / ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးထိပ်စတစ်လုံး- ၄၂၀/- ကျပ်၊ အလတ်စတစ်လုံး -၄၀၀/-ကျပ်ဖြစ်ကြောင်းနှင့် ကြက်ဥထိပ်စ တစ်လုံးလျှင်- ၃၅၀/-ကျပ်၊ အလတ်စတစ်လုံး- ၃၃၀/-ကျပ် ဖြစ်ကြောင်းသိရသည်။
