Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Sep 2023

   သခွားသီးကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ သခွားသီးကို အုပ်စု(၃)ခု ခွဲထား၍ မိုးသခွား၊ ဆောင်းသခွားနှင့် စပ်မျိုးသခွားဟူ၍ ခွဲခြားထားပါသည်။ မိုးသခွားသည် အပူဒဏ်ခံနိုင်သည့်အပြင် ကိုင်းထွက်ရန်လွယ်ကူသောကြောင့် အသီးများပြီး ကိုင်းများတွင်သီးကာ အသီးသေးသွယ်၍ အရွက်ချောပါသည်။ ဆောင်းသခွားသည် အအေးဒဏ်ခံနိုင်ပြီး ကိုင်းထွက်မှု နည်း၍ အသီးများပြီး အသီးမှာ တိုတုတ်ပါသည်။ စပ်မျိုးများသည် အမမျိုးလိုင်းကြားတွင် အဖိုမျိုးလိုင်း (၂)တန်း (၃)တန်းခြား၍ စိုက်ပျိုးနိုင်ပါသည်။ သခွားသီး

13 Sep 2023

    သစ်တော်သီးဟုဆိုလိုက်သည့်အခါ အညိုရောင်အခွံပေါ်တွင် အစက်အပြောက်လေးများပါရှိပြီး အလယ်ချက်တိုင်တစ်ဝိုက်တွင် အနက်ရောင်အစေ့ရှိပြီး အတွင်းသားမှာ ဖြူဖြူကြွပ်ကြွပ်လေးဖြင့် ချိုချိုချဉ်ချဉ်အရသာရှိပါသည်။ သစ်တော်သီးမှာ မိုးရာသီစာ သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ မြန်မာပြည်ရာသီဥတုတွင် မိုးလည်ကာလမှစပြီး ဆောင်းဦးရာသီအထိတွေ့ရတတ်ပါသည်။

13 Sep 2023

        ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လစတုတ္ထပတ်အတွင်း လက်ပံတန်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၅၀၀၀/၊ ဧည့်မဆန် တစ်ပြည်လျှင် ၃၁၀၀/၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၈၀၀/၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀/၊ ကြူကုတ် တစ်ပိဿာလျှင် ၁၁၀၀၀/၊ ချင်း တစ်ပိဿာလျှင် ၈၀၀၀/၊ ငရုတ်ခြောက်အရှည် တစ်ပိဿာ လျှင် ၂၀၀၀၀/၊ ငရုတ်ခြောက် အပု တစ်ပိဿာလျှင် ၂၂၀၀၀/၊ အာလူး တစ်ပိဿာလျှင် ၃၂၀၀၊ မန်ကျည်းမှည့် တစ်ပိဿာလျှင်  ၄၀၀၀/၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး) တစ်လုံးလျှင် ၂၈၀/၊  (အသေး) တ

13 Sep 2023

      ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဩဂုတ်လပထမပတ်တွင် ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၈၀၀/ ကျပ်၊ (အသေး) တစ်ပိဿာလျှင် ၂၅၀၀/ကျပ် လက်လီဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀) မှ စတင်၍ အိတ်လုံးဈေး ကြက်သွန်နီ အကြီး တစ်ပိဿာလျှင်၂၅၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၂၄၀၀/ ကြက်သွန်နီ အသေး လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၂၃၀၀/ ကျပ်ဈေးနှုန်းဖြင့် အသီးသီး

13 Sep 2023

 ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပြည်ဒေသရှိဈေးတို့၌ ရာသီချိန်မဟုတ်ဘဲ မုန်လာဥ(အဖြူ)များရောင်းချနေသည်ကိုတွေ့ရပါသည်။ မုန်လာဥ(အဖြူ)သည် အေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီး ပုံမှန်ထွက်ပေါ်ချိန်မှာ ဆောင်းရာသီတွင် ထွက်ပေါ်ပါသည်။ သို့သော်လည်း ယခုကဲ့သို့အချိန်တွင် ထွက်ပေါ်သောမုန်လာဥမှာ ရေလောင်း၍စိုက်ပျိုးထားသော မုန်လာဥများဖြစ်ပြီး စိုက်ပျိုးသည့်ဒေသမှာ မှော်ဇာဘက်ရှိ ကျေးရွာများတွင်စိုက်ပျိုးကြောင်းသိရပါသည်။ ရေလောင်း၍စိုက်ပျိုးသော မုန်လာဥ (အဖြူ)ကို ဧကပြတ်စိုက်ပျိုးခြင်းမရှိဘဲ အနည်းငယ

Pages