Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Sep 2023

   တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ သီးမွှေးငှက်ပျောသီးများမှာ ဈေးကောင်းရလျက်ရှိပါသည်။ ယခင်နှစ်များက ငှက်ပျောစိုက်ခင်းများမှာ ရာသီဥတုကောင်းမွန်သောကြောင့် အထက်နှုန်း ကောင်းခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုများပြားခြင်း၊ တိရစ္ဆာန်များ၏ ဖျက်ဆီးခြင်းခံရခြင်းကြောင့် အထွက်နှုန်း ကျဆင်းခဲ့ပါသည်။

13 Sep 2023

      တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အသား သီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ ယခုလလယ်ပိုင်းက အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၉၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

13 Sep 2023

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဖြူးမြို့ မြို့မရဲစခန်း အနောက်ဘက်ရှိ အမှတ်(၄)လမ်းတွင် တိုက်ရိုက်အရောင်းဆိုင်များဖွင့်၍ ရောင်းချပေးလျက်ရှိပါ သည်။

13 Sep 2023

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

13 Sep 2023

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ဒေသတဝိုက်တွင် ရှောက်ချိုသီးများထွက်ရှိကာ ရောင်းချလျက်ရှိပါသည်။ ယခုစက်တင်ဘာနှင့် နိုဝင်ဘာလတို့တွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ရှောက်ချိုပင်ကို  ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲတစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပါသည်။ 

Pages