ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သို့ အထက်အညာဒေသများဖြစ်သော နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသော ဖရဲသီးနှင့် နာနတ်သီးများ ဝင်ရောက်လာရာ အရသာ လည်းကောင်း၊ ဈေးလည်းသင့်သဖြင့် လူကြိုက်များကြောင်း သိရပါသည်။
ဒုံးကျည်သီးဟု ခေါ်သော ဖရဲသီးများမှာ အသေး တစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး တစ်လုံးလျှင် ၁၅၀၀ ကျပ်ရှိပြီး ၁၀ လုံးအထက်မှာယူပါက ဈေးအနည်းငယ်လျော့ပါသည်။

ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော မွေးမြူရေးထုတ်ကုန်လုပ်ငန်းလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများအလိုက် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးပါသည်။

ရွှေမြန်မာတို့၏ မိုးဦးကာလနှင့် မိုးတွင်းကာလတို့တွင် ဒေသအစားအစာအဖြစ်သော်လည်းကောင်း ရာသီစာဟင်းလျာအဖြစ် စားသုံးကြသောဟင်းလျှများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဖားသားဟင်းတစ်ခွက်မှာ ဟင်းလျာကြိုက်သူများအတွက် အကောင်းဆုံးဖြစ်မည်ထင်ပါသည်။

တောင်ငူမြို့တွင် ပြီးခဲ့သည့်ရက်များက မိုးရွာသွန်းမှုများသဖြင့် ဘူးပင်အမြစ်များ ရေနစ်၍ အပင်များသေဆုံးမှုရှိသလို အပင်မသေပါကလည်း အသီးများမတင်တော့သဖြင့် ဘူးသီးအထွက်နည်းပြီး ယခုရက်ပိုင်းအတွင်း ဘူးသီးများဈေးတက်ကြောင်း သိရပါသည်။
ယခုအပတ်အတွင်း ညောင်ပင်ဈေးတွင် ရောင်းချသော ဘူးသီးများမှာ အသေး တစ်လုံးလျှင် ၈၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၂၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အတွင်းရှိ ဝါးနွယ်မျှစ်ပြုတ်များမှာ ဈေးကောင်းရရှိနေပါသည်။ ကျွဲပွဲမြို့၊ အုတ်တွင်းမြို့နှင့် ညောင်ခြေထောက်မြို့တို့၏ အနောက်ရိုးမတောင်တန်းပေါ်သို့ တက်၍ ဒေသခံလုပ်သားများက ဝါးနွယ်အမျိုးအစား မျှစ်နုများကို ချိုးယူပြီး မိမိတို့၏ ဆိုင်ကယ်များဖြင့် တပိုင်တနိုင် သယ်ယူကာရောင်းချကြကြောင်း သိရှိရပါသည်။
