Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2024

     နှစ်နိုင်ငံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြင့်ရန်သဘောတူညီခဲ့ကြပြီး ရလဒ်ကောင်းများရရှိနိုင်ရန် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shebbaz Sharif တို့သည် ဘေကျင်းမြို့တွင် ဇွန်လ ၈ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

14 Jun 2024

      စုံပဒက်သီးသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်၊ ထားဝယ်နှင့် မွန်ပြည်နယ်တို့တွင် ပေါများစွာ ထွက်ရှိသော အသီးတစ်မျိုးဖြစ်သည်။

      မွန်ပြည်နယ်မှထွက်ရှိသည့် စုံပဒက်သီးများသည် ဒေသမျိုးများဖြစ်၍ အသီး၏ အပြင်ပုံသဏ္ဍာန်အမွှာအရောင်မှာ ပိန္နဲသီးနှင့်ဆင်တူပြီး အသီးအရွယ်အစားမှာ အလုံးကြီး၍ အလုံးရှည်အသီးမျိုးဖြစ်သည်။ အနံ့အလွန်မွှေးပြီး ဒူးရင်းသီးအနံ့နှင့် ဆင်တူသော အသီးတစ်မျိုးဖြစ်သည်။

14 Jun 2024

    ဘီးလင်းမြို့နယ်၏ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ ထွက်ရှိကာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဘီးလင်းမြို့နယ် ဆင်စုကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာတို့တွင် ကြက်မောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ကြက်မောက်ပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်အကြာတွင် စတင် အသီးသီး၍ ခူးယူရရှိနိုင်ပြီး အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာပြီး အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြ

14 Jun 2024

     ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။

14 Jun 2024

     တောင်ငူမြို့တွင် မိုးဦးကျကာလတွင် ပေါ်သော အင်ဥများကို လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ အင်ဥများကိုလှီး၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နှင့် ကြော်ပြီး ထမင်းပူပူလေးနှင့် စားရသည်မှာ ထမင်းမြိန်လှပါသည်။

      အင်ဥဆိုသည်မှာ မိုးဦးကျကာလ မိုးရွာလိုက် နေပူလိုက်ဖြစ်နေချိန်တွင် အင်ရွက်အဆွေး များမှပေါက်သော မှိုတစ်မျိုးဖြစ်ပါသည်။ ပရိုတိန်းဓါတ်ကြွယ်ဝသော ကိုယ်ခံအားကောင်းစေသကဲ့သို့ ကြွက်သားများကိုလည်း သန်မာစေပါသည်။

Pages