Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 May 2022

              တောင်ငူမြို့မှ အရှေ့ဘက် မိုင် ၃၀ ခန့် ဝေးသော ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ဒေသများရှိ ကျေးရွာများမှ ဓညင်းသီးများသည် တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဓညင်းသီးပွဲရုံများသို့ တစ်ရက်လျှင် ပိဿာချိန် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဝင်ရောက် လျှက်ရှိပါသည်။

20 May 2022

                   ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်သည် ယခုလတွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ မတ်ပဲဈေးမှာ အနည်းငယ်ကျနေပြီး တခြားပဲများမှာ ဈေးအေးလျှက်ရှိကြောင်း သိရပါသည်။

20 May 2022

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြိုနယ်တွင် သီဟိုဠ်စိုက်ဧက (၃၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သီဟိုဠ် တစ်ဧကလျှင် အပင်(၆၀) အထိစိုက်ပျိုးနိုင်ပြီး အထွက်မှာ ပိဿာ(၃၀) ခန့် ထွက်ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် သီဟိုဠ်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၆၀) ခန့်ထွက်ရှိသဖြင့် ယခင်နှစ်ထက်စာရင် ယခုနှစ်မှာ ထက်ဝက်ခန့် အထွက်နှုန်း ကျဆင်းကြောင်း သိရပါသည်။ ထိုသိုအထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင် အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းသဖြင့် အထွက်နှုန်းကျဆင်းရခြင်းဖြစ်ပါသည်

19 May 2022

       ပွင့်ဖြူမြို့သည် မင်းဘူးခရိုင်၊ မုန်းမြစ်လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိပြီး မင်းဘူး-ဆိပ်ဖြူ ကားလမ်းပေါ်၊ မင်းဘူးမြို့၏မြောက်ဘက် (၂၄)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။မြို့၏ အကျယ် အဝန်းမှာ အရှေ့မှအနောက်သို့ (၄)ဖာလုံ၊ တောင်မှမြောက်သို့ (၃)ဖာလုံခန့်ရှိသည်။ပွင့်ဖြူမြို့နယ်၏ လူဦးရေမှာ ၂၀၁၉ စက်တင်ဘာလကုန်ထိ ကျေးလက်နေအိမ်ခြေ (၃၉၃၇၇)၊ ကျေးလက်နေလူဦးရေ (၁၇၄၉၁၄ )ခန့်ရှိပြီး  မြို့နေအိမ်ခြေ (၁၃၂၇)ခန့်ရှိပြီး မြို့နေလူဦးရေ(၆၄၇၆)ဦးခန့်ရှိသည်။ ကချင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများနေထိုင်

19 May 2022

         အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၂.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၈.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာ၊ ဘိုကိတ်ပြာ၊ ပဲကြီးတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက် (၄၅)ပိဿာဝင် (၁)အိတ် ယခင်အပတ် (၁၇၅၀၀ဝိ/-) ယခုအပတ် (၁၇၀၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)(၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၅၀ဝိ/-) ယခုအပတ်(၄၁၇၀ဝိ/-) (၈၀ဝိ/-) ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ် (၄၅၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ်

Pages