ကုန်သွယ်မှုသတင်းများ
မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများပေါ်တွင်မေလဆန်းပိုင်းက စိုက်ပျိုးခဲ့သည့်နွေနှမ်းများ ယခုလဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် ရွာရှည်အုပ်စု၊ လက်ပန်တောင်းအုပ်စု၊ တုံးအုပ်စု၊ ထန်းစင်အုပ်စုရှိကျေးရွာများမှတောင်သူများသည် နှစ်စဉ်နွေနှမ်းကို မြေနူကျွန်းများပေါ်၌ ရေပေးသွင်း၍ စိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခုနှစ် နွေနှမ်းစိုက်ပျိုးခ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။<
ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဗူးသီးသည် ယခုအခါ ချင်းတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများကပင် အဆာပြေအဖြစ် စားသုံးမှုပိုမို များလာသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ တတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၂၀၀၀၊ တန်အားဖြင့် ၆၁၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးမ
နေပြည်တော် ဇူလိုင် ၂၄