ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် အခြေခံလူတန်းစားများအတွက် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံ လူတန်းစားများရာရပ်ကွက်များနှင့် အခြေခံလူတန်းစားအများစုရှိရာ ဈေးများတွင် စားသုံးဆီ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှ ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်မှ ဇွန်လ(တတိယပတ်)တွင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပြီး ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ် ဧည့်မထ(မိုး) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ရင်အုပ်သီးသန့် တစ်ပိဿာ လျှင် ၂၅၀၀၀ ကျပ် ရှိရာမှ ဇွန်လ(တတိယပတ်)တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ စီပီကြက် အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန
စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် Global Distribution Partner လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော ရှမ်းခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့် တို့ဟူးနွေး တို့ကို ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း(၅၀၀)ခန့် ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန်ခေါက်ဆွဲခြောက်များအား ကိုယ်တိုင်ပြုလုပ်ပြီး၊ ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား မန္တလေးမြို့မှ
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။